
- အမည် : မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ
- ရေးသားသူ။ ။ အမျိုးသားပညာဝန် ဦးဖိုးကျား
- URL : http://yarzawon.myanmarsar.org
- ဖတ်ရန်
- အညွှန်း ။ မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ
မြန်မာ့ရာဇဝင်သမိုင်းတွင် လက်ရုံးရည်၊ ပညာရည်၊ နှလုံးရည်တို့နှင့် ပြည့်စုံကြသော ပုဂ္ဂိုလ်တို့ အကြောင်းကိုအမျိုးသား ပညာဝန်ဟောင်း ဦးဖိုးကျားမှ စုစည်းပေးထားခြင်းဖြစ်သည်။ မြန်မာ၊ မွန်၊ ရခိုင်၊ ကရင်၊ ရှမ်း အပါအဝင် တိုင်းရင်းသားစုံတို့၏ သမိုင်းမှတ်တမ်းများမှ ထုတ်နုတ်ထားပြီး အကြောင်းအရာများကိုရှင်းလင်းလွယ်ကူစွာ ပုံဝတ္ထုဇာတ်လမ်းသဖွယ် ဖတ်ချင် ရှုချင် စိတ်တက်ကြွအောင် ရေးသားထားသည်။ ပျူစောထီး၊ ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး၊ ရှင်ဒိသာပါမောက်၊ ကျေးဇူးသိသော ငခင်ညို၊ သတ္တိရှိသော သူခိုး ငတက်ပြား၊ တရားစောင့်သော ရခိုင်မင်း၊ အားကောင်းလှသော ပေါက်လှ၊ ကရင်လူမျိုး ခေါင်းဆောင် ထော့မဲဖ၊ ငေံတောင်သူကရင်အမျိုးသမီး ဒွေးမယ်နော်၊ မိဖုရားစောလုံ၊ စလေဦးပုည၊ မွန်အမတ် လဂွန်းအိမ်၊ မွန်ပညာရှိအမတ်ဒိန်၊ စစ်သူကြီး မဟာဗန္ဓုလအပါအဝင် ရာဇဝင်ကျမ်းများလာ မြန်မာ့ဂုဏ်ရည်ဆောင် ပုဂ္ဂိုလ်ကျော် ၆၈ ဦးအကြောင်းကိုသိရှိရမည်ဖြစ်သည်။