
- အမည် : မြန်မာစာတက္ကသိုလ် [ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) ]
- ထုတ်ဝေသူ။ ။ ဦးတင်အေး
- URL : http://uni.myanmarsar.org
- ဖတ်ရန်
- အညွှန်း ။ မြန်မာစာ
မြန်မာစာပေလေ့လာရာ၌ အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် ''မြန်မာစာ-တက္ကသိုလ်''စာအုပ်ကိုထုတ်ဝေလိုက်ပါသည်။ တက္ကသိုလ်ကျောင်းသားများတွင် စံနစ်သစ်ပညာရေးဖြင့် သင်ကြားလျက်ရှိရာ ဤသို့နည်းပေးလမ်းပြ စာများ လိုလားလိမ့်မည်ဟုယူဆ၍ တက္ကသိုလ်၌ စာ ပေပို့ချခဲ့သော ဗဟုသုတများမှ ထုတ်နှုတ်ကာ စာတအုပ် ပြုစုရပေသည်။
ဤစာအုပ်၌ မြန်မာစကားပြေ ရေးသားရာတွင် လေ့ကျင့်ပေးရန် လိုအပ်သော
၁။ မြန်မာစာ သံခိပ်ရေးနည်း၊
၂။ မြန်မာသဒ္ဒါလေ့လာနည်း၊
၃။ မြန်မာအဘိဓာန် သုံးစွဲလေ့လာနည်း၊
၄။ စာစီစာကုံးရေးနည်း၊
၅။ သုတေသနစာတမ်း ရေးနည်း၊ များကိုအဓိကထား၍ ဖေါ်ပြထားပေသည်။
ယင်းကဲ့သို့ ဖေါ်ပြထားရာ၌ တတ်စွမ်းသမျှ အကျဉ်းသာဖေါ်ပြထားပေသည်။ လေ့ကျင့် နည်း သင်္ခဏ်းစာများ နမူနာပုံစံစာများဖြင့် စုံစုံလင်လင် မပြရသေးချေ။ နမူနာပုံစံစာများမပြ သေးခြင်းမှာ စာအုပ်ကိုအမြန်ဆုံးထုတ်ဝေရန် စီစဉ်ရသောကြောင့် ဖြစ်သည်။
တကြောင်းမှာလည်း အထက်ပါ စာပေရေးနည်းများသည် တက္ကသိုလ်၌ လေ့လာသော ကျောင်းသူကျောင်းသားများအတွက် ထူးကဲခက်ခဲသော အကြောင်းများမဟုတ်ဟုယူဆမိပေ သည်။ မိမိဘာသာအလျောက် ရေးတတ်စေရန် နည်းများကိုစုံလင်နိုင်သမျှ စုံလင်စွာ ပြထားသဖြင့် နမူနာပုံစံများလည်း များစွာမလိုဟုယူဆမိပေသည်။
ထို့ပြင်လည်း နမူနာပုံစံသည် ကျောင်းသားများအား ပညာပေးရာ၌ ကိုယ်စွမ်းကိုယ်စ ကိုယ့်ဟန်ကိုတိုးတက်စေခြင်း မရှိနိုင်ဟုယူဆမိပေသည်။ သို့သော် အချိန်အခါအလျောက် စာအုပ်ကိုတိုးချဲ့ရေးသားရန် လိုအပ်သောအခါတွင် စုံလင်နိုင်အောင် ကြိုးစားရန် ကြံရွယ်ထားပါသည်။
အထက်၌ ဆိုခဲ့သော မြန်မာစာသံခိပ်ရေးနည်းမှာ ရှေးကများစွာ လေ့လာခဲ့သော အကြောင်းတရပ်မဟုတ်ချေ။ အင်္ဂလိပ်စာပေရေးနည်းမှ ရေးထုံးတရပ်ဖြစ်သည်။ မြန်မာများတွင်သံခိပ်သဘောကားရှိပါ၏။ သို့သော် စည်းစံနစ်ဥပဒေများ ပြုထားသည်ကား စုံလင်အောင် မရှိသေးပါ။ သို့ဖြစ်၍ အင်္ဂလိပ်စာပေကျမ်းများကိုမှီးငြင်းပြု၍ ဖေါ်ပြရပါသည်။ မြန်မာသဒ္ဒါလေ့လာနည်းနှင့်ပတ်သက်၍ အထွေထွေသဘောမျှသာ ရေးသားထားပေသည်။ ထို့တူစွာပင် ဘာသာပြန်ခြင်းအကြောင်းကိုလည်း အထွေထွေ သဘောမျှ ပြထားပေသည်။
ဤကိစ္စရပ်များတွင်(Theorising) စည်းမျဉ်းဥပဒေသဘောထက် လက်တေ့ကျင့်သုံးလေ့လာခြင်းက ပိုမိုအောင် မြင်ပေမည်။
မြန်မာအဘိဓာန် သုံးစွဲလေ့လာနည်းကိုကား စုံလင်စွာ ဖေါ်ပြထားပါသည်။ စာစီစာကုံးရေးနည်းကိုမူကား အများနားလည်ပြီးကိစ္စတရပ်ပင် ဖြစ်ငြါးသော်လည်း အထူးတလည် သိအပ်သောအချက်များကိုစုဆောင်းကာ တင်ပြထားပေသည်။ ယခုခေတ် တက္ကသိုလ်ပညာရေးလောကအတွက် အရေးအကြီးဆုံး လုပ်ငန်းတရပ်မှာ သုတေသနစာတမ်းရေးနည်းပင် ဖြစ်ပါသည်။ ဤပညာရပ်ကိုလည်း နောင်ဖြည့်စွက်၍ပြရန်များစွာ လိုပါသေးသည်။ သို့သော် ယခုအခါ စာပေလေ့လာသူများအတွက် ဤမျှဖြင့်လည်း သင့်တော် လောက် ပြီဟုလည်း ယူဆနိုင်ပါသည်။ သို့ဖြစ်၍ စာပေလေ့လာလိုက်စားသူများ အကျိုးဖြစ်ထွန်း စေမည့် ''မြန်မာစာတက္ကသိုလ်''စာအုပ်ကိုထုတ်ဝေလိုက်ပါသည်။
ဦးမောင်မောင်တင်
(မဟာဝိဇ္ဇာ)
မန္တလေးမြို့
(မဟာဝိဇ္ဇာ)
မန္တလေးမြို့
ဗီဒီယိုရှိက